ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး နယ်မြေကွင်းဆင်းထိတွေ့

 

ရန်ကုန် မေ ၉

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြောက်ဥက္ကလာပ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ အတွင်းရေးမှူး ဦးဝင်းကြိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉နာရီတွင် (စ) ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးသိန်းလှထွန်းနှင့် ရပ်ကွက်ပါတီကော်မတီဝင်များအား (စ) ရပ်ကွက်ပါတီရုံးတွင် တွေ့ဆုံ၍ ပါတီ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြို့နယ်ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အတွင်းရေးမှူးက ပါတီ၏ ရှေ့လုပ် ငန်းစဉ်များ အသေးစိတ် ဆွေးနွေးပြီး ခရိုင်နယ်မြေခွဲ တာဝန်ခံ၊ အတွင်းရေးမှူးက ယနေ့နိုင်ငံရေး အခြေအနေ၊ ပြည်သူများ တွေ့ကြုံနေရသည့် စားဝတ်နေရေး၊ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်နိုင်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည် များ မေးမြန်းကြပြီး အစည်းအဝေးအား နံနက် ၁၁နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။အေးမင်းဇော်