ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပုံမှန် အစည်းအဝေး ကျင်းပ

 

ပုသိမ်ကြီး ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်က ရပ်ကျေးပုံမှန် အစည်းအဝေး ကျင်းပခဲ့ သည်။

အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ တက်ရောက် ခဲ့သည်။

အခမ်းအနားတွင် ဦးဆွေသန်းက အမှာစကားပြောကြားခဲ့ပြီး ဦးကိုကိုလွင်က ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာသူများက မိမိတို့ ကျေးရွာအလိုက် အခြေအနေများကို တင်ပြဆွေးနွေးကြရာ ဦးဆွေသန်းက လိုအပ်သည်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရိုးဆန်း