တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ဂုဏ်ပြု

 

ပုသိမ်ကြီး ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်က ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ပါတီကော်မတီဝင်များ၏ သားသမီးများအား ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့် မြို့ နယ်ကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဦးဆွေသန်းက အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူ အသီးသီးက ဂုဏ်ပြုတံဆိပ်၊ မှတ်တမ်း လွှာနှင့် ဂုဏ်ပြု ငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရိုးဆန်း