ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲနှင့် ရပ်ကွက်/ကျေးရွာ ပါတီအဖွဲ့များ လပတ်ပုံမှန် အစည်းအဝေး ကျင်းပ

 

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင်​ ယမန်နေ့ နံနက်​ (၉) နာရီက က​လေးသူငယ်​အခွင့်​အ​ရေးဆိုင်​ရာ ဥပ​ဒေအ​ကြောင်း​ သိ​ကောင်းစရာ​ ဆွေး​နွေးပွဲနှင့်​ ရပ်ကွက်​/ကျေးရွာ ပါတီအဖွဲ့များ လပတ်​ပုံမှန်​ အစည်းအ​ဝေး ကျင်းပပြုလုပ်​ ခဲ့ပါသည်​။

အစည်းအ​ဝေးသို့ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ အမရပူရမြို့နယ်​ ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်​ပါတီအတွင်း​ရေးမှူး​ ​ဒေါ်​စောမြိုင်​၊ မြို့နယ်​ပါတီ​ ကော်​မတီဝင်​များ၊ ရပ်​ကွက်​​/ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ တက်​​ရောက်​ခဲ့ကြ ပါသည်​။ အစည်းအ​ဝေးတွင်​ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ အမရပူရမြို့နယ်​ ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးမှ က​လေး သူငယ်​ အခွင့်​အ​ရေးဆိုင်​ရာ ဥပ​ဒေနှင့်​ပတ်​သက်​၍ ​ပြောကြားရာတွင်​ မြန်မာနိုင်ငံက နိုင်ငံတကာအစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမဟုတ်ဘူး၊ ပြည်ထောင်စုသမ္မ္မတ မြန်မာနိုင်ငံတော် အစိုးရအုပ်ချုပ်တဲ့ နိုင်ငံဖြစ်ကြောင်း ကိုယ့်အချုပ် အခြာအာဏာ ကိုယ်ပိုင်တဲ့ မြန်မာနိုင်ငံဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့မြန်မာမြေ တစ်​လက္မမျှ ပဲ့ထွက် မခံနိုင် ပါဘူး။

၂ဝ၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံ လက်မှတ် ရေးထိုးပြဋ္ဌာန်းရန် ပေးပို့ထားသော ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေကြမ်းနှင့် ပတ်သက်ပြီး တဖက်ပါတီ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူက အဆိုပါဥပဒေသည် စစ်ဘေးရှောင် ကလေးတွေအတွက်လို့ ပြောကြားသွားတာ တွေ့ရှိရပါတယ်။

ဒါဟာခိုင်လုံတဲ့ အကြောင်းပြချက် မရှိပါဘဲ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာနေခြင်းမျိုး ဖြစ်နေတာကို အံ့သြစွာ တွေ့ရှိရပါတယ်။ ၂၅.၆.၂၀၁၉ ရက်နေ့က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကလေးသူငယ်အခွင့်အရေးများ ရရှိစေဖို့ ဖြစ်ကြောင်းနှင့် နိုင်ငံသားဖြစ်မှုကို ၁၉၈၂ နိုင်ငံသားဥပဒေနှင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း မည်သည့်ဥပဒေပုဒ်မ အရထိုသည့် ပြောကြားခဲ့သည်ကို သက်သေပြ  ပြောဆိုခြင်း မရှိခြင်းက ဥပဒေကတစ်ခြား ပြောကြားတာက တစ်ခြား ဖြစ်နေတဲ့ သဘောမျိုးလို့ ပြည်သူများအကြား ဝေဖန်မှုများ
မြင့်တက်နေတာ တွေ့ရှိရပါတယ်။ ဒါ့အပြင် ဇွန် (၁၈) ရက်နေ့ Daily Eleven သတင်းစာတွင် ပါရှိသော ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ အတွင်းအရေးမှုး ပြောကြားသည့် မွေးစားခွင့်နှင့် ပတ်သက်၍ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာ ဥပဒေတွင် မွေးစားနိုင်သည် ဟုသာ အတည်ပြု ထားခြင်း ဖြစ်ပြီး
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကိတ္တိမမွေးစားခြင်းဆိုင်ရာ ဥပဒေများရှိသည့်အတွက် ယခုဥပဒေက လွှမ်းမိုး သည်ဟု သတ်မှတ်၍ မရကြောင်း ဖေါ်ပြထားခြင်းသည် ပုဒ်မ ၁၁၅ အရ ဤဥပဒေနှင့် သက်ဆိုင်သမျှ ဤဥပဒေအရသာလျှင် အရေးယူဆောင်ရွက်ရမည်ဟု ဖေါ်ပြထား၍ လွှမ်းမိုးမှုရှိကြောင်းကို သတိပြုသင့်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် နိုင်ငံရေးပါတီ (၂၆) ပါတီမှ ကန့်ကွက်စာ ထုတ်ပြန်ခြင်းသည် ဥပဒေ၏ သဘော တရားကို နားမလည်သည့်အတွက် ထုတ်ပြန်ခြင်း မဟုတ်ဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် ရေရှည်တွင် နိုင်ငံတော် နိုင်ငံသားတို့၏ အမျိုးသား အကျိုးစီးပွားအတွက် ကြိုတင်မျှော်မှန်း၍ ဥပဒေအရ အထောက်အပံ့ ဖြစ်စေရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိစေရန် ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ထို့​နောက်​မြို့နယ်​ ပါတီအတွင်း ရေးမှူး ​ဒေါ်​စောမြိုင်​မှ ပါတီလုပ်​ငန်းဆိုင်​ရာများနှင့်​ ပတ်​သက်​၍ ရှင်းလင်း​ဆွေး​နွေးခဲ့​ကြောင်း သိရှိရပါသည်​။