ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ခေါင်းဆောင်သောအဖွဲ့ဝင် ၂၁ ဦးပါ ပါတီကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ မတ်လ (၁၄) ရက် မွန်းလွဲပိုင်းက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

 

 
ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်အဖွဲ့သည် ယနေ့မှ ယခုလ ၂၅ရက်အထိ တရုတ်ကွန်မြူနစ် ပါတီ၏လုပ်ငန်းဆောင်ရွက်နေမှု များကို သွားရောက်လေ့လာကြ မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့အား ပြည်ခိုင်ဖြိုးပါတီ၏ဗဟိုအတွင်း ရေးမှူးများဖြစ်ကြသော ဦးတင် အောင်ချစ်၊ ဒေါက်တာဒေါ်စန်းစန်း နွယ်နှင့်တာဝန်ရှိသူများက နေပြည် တော်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။