ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေကြီးနစ်မြုပ် အိမ်ထောင်စုများအား ဆန်များပေးအပ်

 

တနင်္သာရီ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေကြီးနစ်မြုပ်သည့် အိမ်ထောင်စုများ အတွက် ဆန်များပေးအပ် လှူဒါန်းခဲ့ရာ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီခွဲက စုပေါင်းဝန်ထမ်းအဆောင်နှင့် မြို့နယ်ပညာရေးမှူးရုံး အဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်း များအား ဆန်များထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စုပေါင်းဝန်ထမ်း အဆောင်တွင် နေထိုင်ကြသော မြို့နယ်ဌာနဆိုင်ရာ အိမ်ထောင်စု ၁၁ စုနှင့် နတလရုံး၊ မြို့နယ်စီမံ ကိန်းဝန်ထမ်းအဆောင် စုစုပေါင်း ၁၃ စုတို့အတွက် တစ်စုလျှင် ဆန် ခြောက်ပြည်ဝင်ဆန်အိတ် တစ်အိတ် စီနှင့် မြို့နယ်ပညာရေးမှူးရုံး အဆောင်တွင် နေထိုင်ကြသော ဝန်ထမ်း ၁၁ ဦးတို့အတွက် တစ်ဦးလျှင် နှစ်ပြည်နှုန်းဖြင့် ခြောက်ပြည်ဝင် ဆန်အိတ်လေးအိတ် စုစုပေါင်း ၁၇ အိတ်တို့ကို မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်နှင့်အဖွဲ့က အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် ရေကြီးနစ်မြုပ်သည့် အိမ်ထောင်စု ၆ဝ၁ စုတို့ အတွက် ခြောက်ပြည်ဝင်ဆန်အိတ် ၂ဝ၈ အိတ်တို့ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်၊ ဘဏ္ဍာရေးမှူး ဦးအောင်နုနှင့် ရုံးအဖွဲ့ ဦးဖြူမျိုးဝင်းတို့က အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ရာ ပါတီနယ်မြေတာဝန်ခံ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးအောင် ကျော်မိုး၊ တမုတ်ချုံးကျေးရွာစု ပါတီဥက္ကဋ္ဌ ဦးအောင်သန်းနှင့် သာရဖုံကျေးအုပ်စုမှ ဦးဟန်လှိုင်မိုးတို့က အသီးသီး လက်ခံ ရယူပြီး ပြန်လည်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဖြူမျိုး(တနင်္သာရီ