အီတလီအိုးပင်းအမျိုးသမီးချန်ပီယံဆုကို လစ်ကိုဗာ ရရှိ

အီတလီနိုင်ငံရောမမြို့မှ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အမျိုးသမီး ချန်ပီယံဆုကို ချက်တင်းနစ်မယ် ကာရိုလီနာလစ်ကိုဗာ ရသွားပါတယ်။ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်(၇)ဖြစ်တဲ့ လစ်ကိုဗာက ဂျိုဟန်နာကွန်တာကို (၆း၃၊၆း၎)နဲ့ (၁)နာရီ(၂၅)မိနစ်ကြာ ကစားပြီး အနိုင်ရပါတယ်။

ဗြိတိန်မှာတော့ အဆင့်(၁)လို့ သတ်မှတ်ခံရတဲ့ ကွန်တာဟာ ဒီပွဲမှာ သူ့ဘ၀ရဲ့ ပထမဆုံး ရွှံ့စေးကွင်း ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ကွန်တာကတော့ အခုရတဲ့ချန်ပီယံဆုဟာ သူ့ဘ၀ရဲ့တတိယမြောက် ရွှံ့စေးကွင်းချန်ပီယံဆုပါ။ နောက်ပြီး လစ်ကိုဗာနဲ့ ကွန်တာတို့ဟာ ဒီပွဲမှာ(၈)ကြိမ်မြောက် တွေ့ဆုံယှဉ်ပြိုင်တာဖြစ်ပြီး ကွန်တာက (၇)ကြိမ် မြောက်အဖြစ် အနိုင်ရသွားပါတယ်။ ဒီအောင်ပွဲကြောင့် လာမယ့်ပြင်သစ်အိုးပင်းအတွက်ပါ စိတ်အား တက်ခဲ့ရပါတယ်လို့ လစ်ကိုဗာက ပြောပါတယ်။   

—Ref:Skysport