ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် လေဘေးသင့် ပြည်သူများထံသို့ သွားရောက်ကူညီ ထောက်ပံ့

 

နေပြည်တော် မေ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေသည် ယမန်နေ့ နံနက် ၈ နာရီက ဥတ္တရသီရိမြို့နယ် မောင်းရမ်းအုပ်စုအတွင်း ဧပြီ ၁၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့ရသည့် ပြည်သူများကို သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။ ထိုသို့သွားရောက် တွေ့ဆုံအားပေးရာ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းဆွေနှင့်အတူ ပြည်ထောင်စုနယ်မြေ ပါတီနာယက ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးကျော်ဌေး၊ နေပြည်တော်ခရိုင် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးအောင်မြင့်ကြိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ကော်မတီဝင်များ လိုက်ပါခဲ့ပြီး အိမ်ထောင်စု ၅၇ စု အတွက် တစ်အိမ်လျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်နှုန်း ကူညီထောက်ပံ့ ခဲ့သည်။

ယင်းနောက် ရပ်မိရပ်ဖတစ်ဦးက ပြည်ခိုင်ဖြိုးပါတီအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နံနက် ၉ နာရီတွင် အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။ အောင်အောင်