ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆေးကုသမှု ခံယူနေသော လူနာများအား ထောက်ပံ့

 

ကနီ မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသော ရပ်/ကျေး ပါတီဥက္ကဋ္ဌ၏ မြေးကလေးငယ် နှစ်ယောက်ထံ သွားရောက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယင်းသို့ သွားရောက်ထောက်ပံ့ရာတွင် ကနီမြို့နယ်ပါတီနာယက ဦးအောင်ဆန်းထွန်း၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ပါတီကော်မတီဝင်များနှင့် ဦးစီးရုံးအဖွဲ့များ လိုက်ပါ၍ တွေ့ဆုံအားပေး စကားများ ပြောခဲ့ကြသည်။  အောင်မျိုးထွန်း(ကနီလူငယ်)