ဘုတလင်မြို့နယ် ထနောင်းကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဘုတလင် မေ ၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ထနောင်းကုန်းကျေးရွာအုပ်စု ထနောင်းကုန်းကျေးရွာ ဦးအောင်အောင်၏ နေအိမ်ခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခိုင်ညိမ်းသူ၊ မြို့နယ်မီဒီယာ တာဝန်ခံ ဦးဇော်ထွေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုး ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေကျီစု(ဘုတလင်)