ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအစည်းအဝေးပြုလုပ်

 

ပုသိမ်ကြီး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီးပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေး ပါတီကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားသို့ မြို့နယ် အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်နှင့် ပါတီ ကော်မတီဝင်များ၊ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်ပါတီ ကော်မတီဝင် များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်ဦးကိုကိုလွင် က ပါတီလုပ်ငန်းဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ရာ ဦးဝင်းနိုင်ကနယ်မြေ ကွင်းဆင်းဆောင်ရွက်မည့် အခြေ အနေများနှင့် ပါတီအောင်နိုင်ရေး အတွက်ဆောင်ရွက်ရမည့် လုပ် ငန်းစဉ်များအား ဆွေးနွေးခဲ့သည်။ ၄င်းနောက် တက်ရောက်လာသည့် ကျေးရွာပါတီဥက္ကဋ္ဌများက မိမိ ကျေးရွာအလိုက် ပါတီအောင်နိုင်မှု အခြေအနေများကိုအကြံပြုဆွေးနွေး ကြရာ မြို့နယ်အတွင်းရေးမှူး ဦးကိုကိုလွင်က ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရိုးဆန်း