နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့် ရုံး စိုက်ထူဖွင့်လှစ်ပွဲ ကျင်းပ

 

၁-၄-၂၀၁၉ နေပြည်တော်

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့် ရုံး စိုက်ထူဖွင့်လှစ်ပွဲ ကို အောင်သုခကျေးရွာ ရွာလယ်လမ်းမရှိ ဦးအောင်ပိုင်မင်း၏ ခြံဝင်းတွင် ဧပြီလ (၁) ရက်နေ့ နံနက် (၈) နာရီက ကျင်းပရာ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် နယ်မြေတာဝန်ခံ ဒေါ်ယဉ်မင်းမြင့်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ ကျေးရွာနေ ပါတီဝင်သစ် (၅၀) ဦးနှင့် ရွာသူရွာသားများ၊ ပုဗ္ဗသီရိမြို့နယ်တွင်း ကျေးရွာများမှ ပါတီဝင်များ တက်ရောက်ဝန်းရံ အားပေးခဲ့ကြပြီး နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပါတီအောင်နိုင်ရေးကြွေးကြော်သံများဖြင့် အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိသည်။