ပည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် လူထုဟောပြောနည်းသင်တန်းပို့ချ

 

ဓနုဖြူ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် လူထုဟောပြောနည်းသင်တန်းပြုလုပ်သည်။ သင်တန်းသို့ ပါတီဗဟိုအလုပ်အမှုဆောင် နေပြည်တော်ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ မအူပင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဖြိုးနှင့်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ၈၁ အုပ်စုမှ ဥက္ကဋ္ဌများ ပါတီဝင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ဆွေးနွေးပို့ချရာတွင် ပါတီဝင်တိုင်းသိရမည့် လူထုဟောပြောနည်းများ၊ အခြားသော အထွေထွေဗဟု သုတများရစေရန်နှင့် စည်းရုံးရေးရာသိကောင်းစရာများ ပြောကြားခဲ့သည်။

မောင်မောင်စိုး(ဓနုဖြူ)