ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ရပ်ကျေးစည်းရုံးရေးမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်

 

လောင်းလုံး ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး လောင်း လုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင် နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မောင် မြင့်တို့က အဖွင့်အမှာစကားပြောကြား ခဲ့သည်။ အဆိုပါသင်တန်းကာလမှာ ယနေ့မှ ယခုလ ၂ ရက်အထိဖြစ် ကြောင်း သိရသည်။