သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် မတ် ၂၅

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ယမန်နေ့ ညနေ ၆ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လမ်းအလိုက် ပါတီတာဝန်ခံများ၊ ရပ်ကွက်အလိုက် ရပ်မိရပ်ဖများတွေ့ဆုံပွဲနှင့် ညစာစားပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးနိုင်အောင်၊ မြို့နယ်ပါတီနာယကများ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးညွန့်ဖေ၊ အတွင်းရေးမှူး ဦးဝင်းခိုင်ရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ စက်မှုလက်မှုရပ်ကွက်၊ ၆/အနောက်ရပ် ကွက်၊ ၅/ရပ်ကွက်များမှ ရပ်မိရပ်ဖများ လမ်းအလိုက်ပါတီတာဝန်ခံ များအင်အား ၁၁၅ ဦးတို့ဖြင့် တွေ့ဆုံပွဲနှင့်ညစာစားပွဲ အခမ်းအနား ကိုကျင်းပခဲ့ရာ ည ၈ နာရီတွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။

TKA (သာကေတ)