ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
(၂၁.၂.၂၀၁၈)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားအား ပြင်ဦးလွင်ပြည်ခိုင်ဖြိုးရုံး၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးတင့်လွင်ဦး၊ ဦးစိုင်းအောင်ကြည်၊ (ပထမအကြိမ်)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့်ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိမြို့နယ်(၅)မြို့နယ်မှ သင်တန်းသား/သူများတက်ရောက်ခဲ့ကြပါသည်။ အခမ်အနားအားနိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင့်လွင်ဦးနှင့် (ပထမအကြိမ်)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ကြကာ ပြင်ဦးလွင်ခရိုင်ပါတီကော်မတီဝင် ဦးလင်းအောင်မှသင်တန်းစည်းကမ်းများဖတ်ကြားရှင်းလင်ခဲ့ကြောင်းသိရှိရပါသည်။