ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ အခက်ကြုံနေသည့် ကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီမှ သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်း

 

ညောင်ဦး မေ ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်နေမှုကြောင့် မြို့နယ်အတွင်းရှိ အညာကျေးလက် ဒေသများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်းသိရသဖြင့် ယမန်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်နယ်မြေ တာဝန်ခံ၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ လှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ဌေးနှင့် ပါတီကော်မတီဝင်များ ပူးပေါင်းအဖွဲ့က နွေရာသီ ကာလသောက်သုံးရေ အခက်ကြုံတွေ့နေသည့် ညောင်ဦးမြို့နယ် ငါ့မင်းမေးကျေးရွာ၊ ထန်းပေါက် တောကျေးရွာနှင့် ငါ့ပိုင်ကျေးရွာများသို့ ရေဂါလန် ၁၂ဝဝ ဆံ့ ရေသယ်ယာဉ်များဖြင့် သွားရောက်ပြီး ဒေသခံကျေးလက်နေ ပြည်သူများကို သောက်သုံးရေ ဖူလုံစွာသုံးစွဲ နိုင်ရေးအတွက် ရည်ရွယ်ကာ ကျေးရွာအိမ်ထောင်စုအလိုက် စနစ်တကျ လိုက်လံဖြန့်ဝေ လှူဒါန်းပေး ခဲ့ရာ ကျေးရွာနေပြည်သူများက သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိကြသဖြင့် ဝမ်းသာပျော်ရွှင် လျက်ရှိနေ ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မြို့နယ်အတွင်း အညာကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေအခက် အခဲကြုံတွေ့နေမှုအား သောက်သုံးရေဖူလုံစွာ သောက်သုံးခွင့်ရရှိရေးအတွက် ရေသယ် ယာဉ်များဖြင့် ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)