ရွှေပြည်​သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရွှေပြည်​သာ၊ မတ် ၁၈

ရန်​ကုန်​တိုင်း​ဒေသကြီး​ရွှေပြည်​သာမြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး၌ ယ​နေ့ မွန်းတည့် ၁၂မှ၂ နာရီအထိ ခရိုင်​​ကော်​မတီဝင်​၊မြို့နယ်​ပါတီဥက္ကဌ၊့အတွင်း​ရေးမှူ၊နှင့်​မြို့နယ်ကော် မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင်​ပါတီကော်မတီဝင် ဦးဝင်းစိုး၊​ဒေါ်ချမ်းမြ​အေး၊မြို့နယ်​ပါတီဥက္ကဋ္ဌဦးလင်း​အောင်​​အောင်​၊အတွင်း​ရေးမှူးဦး​ဇေယျာဝင်း၊ဘဏ္ဍာ​ရေးမှူးဦး​လေး​မောင်​နှင့်​မြို့နယ်​​ပါတီ​ကော်​မတီဝင်​များ တက်ရောက်ခဲ့ကြပြီး စည်​ပင်​သာယာ​ရေး​ကော်​မတီတွင်​ပါတီမှဝင်​​ရောက်​ယှဉ်​ပြိုင်​​သောကိုယ်​စားလှယ်​​လောင်းများ​အောင်​နိုင်​​ရေးအတွက်​ကြိုတင်​ပြင်​ဆင်​မှူ့များ၊ပါတီလုပ်ငန်းဆောင် ရွက်နေမှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဒေသ ဆိုင်ရာအချက်အလက်များ၊ ပြိုင်ဘက်ပါတီ များ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ မိမိ ပါတီ၏ အားနည်းချက်၊ အားသာချက်များ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး ပါတီ အောင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။