ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကနီမြို့နယ် ဆူးလေကုန်းကျေးရွာအုပ်စုတွင် ပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကနီ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာအုပ်စု ရပ်/ကျေးပါတီ ဥက္ကဋ္ဌ ဦးမှဲ့ခင်နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကိုယင်းမာပင်ခရိုင်ပါတီကော်မတီဝင် ကနီမြို့နယ်တာဝန်ခံ ဦးချစ်မွှေး၊ ကနီမြို့နယ် ပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ နယ်မြေတာဝန်ခံ ပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များတက်ရောက်ခဲ့ကြပြီး အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းကာ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများအား ပါတီမှထုတ်ဝေသော အိတ်ဆောင် ပြက္ခဒိန်များနှင့် ပါတီသော့ချိတ်များပေးဝေးကာ အခမ်းအနားပြီးစီးခဲ့သည်။

အောင်မျိုးထွန်း (ကနီလူငယ်)