မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ ပါတီရုံးဆိုင်းဘုတ်အသစ်လဲလှယ်တပ်ဆင်

 

မင်းလှ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ အမှတ်(၇)ရပ်ကွက် ဗိုလ်ရုံတန်း လမ်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက်ပိုင်းက လဝက်ပုံမှန်အစည်းအဝေးပြု လုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီကော် မတီဝင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီ ဝင်များ စုစုပေါင်းအင်အား ၈ဝ ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်က အမှာ စကားပြောကြားပြီး ခရိုင်ပြည်ခိုင်ဖြိုးကော် မတီဝင်က ပါတီအတွင်းလုပ်ဆောင်ရမည့် လိုအပ်ချက်များကို မှာကြားသည်။ မင်းလှ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းလှိုင်က ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လုပ်ငန်း စဉ်များကောင်မွန်ရေး၊ လက်ရှိအစိုးရဆောင် ရွက်ချက်များနှင့် ယခင်အစိုးရဆောင်ရွက် ချက်များအား ပြည်သူများအား သိရှိအောင် ရှင်းလင်း၍ စည်းရုံးဆောင်ရွက်သွားရန်၊ ပါတီဝင်အင်အား တိုးတက်ရရှိရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်သွားရန် ပါတီ စည်းရုံးရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်းရေးမှူး ဦးထွန်းထွန်းက တိုင်းညွှန်ကြားချက်များနှင့် အညီ ဒေသအတွင်းပါတီဝင် ညီအစ်ကို မောင်နှမများစည်းလုံးညီညွတ်စွာလုပ်ဆောင် သွားကြရန်၊ ပါတီဝင်အင်အား တိုးတက် ရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့် စည်းရုံးရေးဆိုင်ရာများ ရှင်းလင်းခဲ့သည်။

တက်ရောက်လာသူများကသက်ဆိုင်ရာ စည်းရုံးရေးနယ်မြေအလိုက်ပါတီဝင်အင်အား ရရှိရေးဆောင်ရွက်နေမှုများ ဆွေးနွေးပြော ကြားခဲ့သည်။

ထို့နောက် ၂ဝ၁၉ ခုနှစ်ထုတ် ပြည်ခိုင် ဖြိုးပါတီပြက္ခဒိန်နှင့် အိတ်ဆောင်ပြက္ခဒိန် များကို တက်ရောက်လာသူများအား ဝေငှ ပေးခဲ့ပြီး မြို့နယ်ပါတီရုံးရှေ့၌စိုက်ထူထား သော ပါတီဆိုင်းဘုတ်အား အသစ်လဲလှယ် ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)