စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ကလေးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်တွေ့ဆုံ

 

ကလေး ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ဦး(ခ)အောင်မေတ္တာ ရပ်ကွက် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အတူ လိုက်ပါလာသော တိုင်းအမျိုးသမီးရေးရာကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေသည် ယမန်နေ့ ညနေ ၄ နာရီက ဇင်းကလင်ကျေးရွာမှ တိုင်းဓမ္မစကြာပြိုင်ပွဲသို့ တက်ရောက်လာသော အမျိုးသမီးအဖွဲ့များနှင့်ရင်းနှီး ခင်မင်စွာတွေ့ ဆုံနှုတ်ဆက်၍ အောင်မေတ္တာရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဝင် အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အမျိုးသမီများဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံမှုရှိစေရေးတို့ကို လက်တွဲလုပ်ဆောင်ကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ကာ တွေ့ဆုံခဲ့ကြောင်း သိ ရသည်။

ဂျွိုင်းဆက်(ကလေး)