ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များအား ဖူးမြော်ကန်တော့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

 

မန္တလေး ဖေဖော်ဝါရီ ၅

မန္တလေးမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီနယ် မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့မွန်းလွဲပိုင်းနှင့်ညနေပိုင်း တွင် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များအား ဖူးမြော်ကန်တော့၍လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ် အတွင်းမှရွာရှည်ကျေးရွာဧကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တခေမာနန္ဒ အရှင်သူမြတ်အားလည်းကောင်း၊ သလဲကုန်းကျေးရွာရတနာ့ဂုဏ်ရည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သြသတ အရှင်သူမြတ်အား လည်း ကောင်း၊ လက်ကောင်းကျေးရွာ ရွှေစင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေလာသအားလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြ ဘာသာဘိဝံသအရှင်သူမြတ်အား လည်းကောင်း၊ ချမ်းအေးသာစံ မြို့နယ်ရှိ မဟာဝိဇိတာရုံတိုက်အုပ် ဆရာတော်၊ နိုင်ငံတော်သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသအား အသီးသီး ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့ဆက်ကပ်လှူဒါန်းရာသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီနယ်မြေ တာဝန်ခံဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ပါတီဗဟိုအလုပ် အမှုဆောင်မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မန္တလေး ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊မြို့နယ် ပါတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။

သုတ