ဗုဒ္ဓစွယ်တော်မြတ်အပူဇော်ခံပွဲတွင် သံတွဲခရိုင်ပြည်ခိုင်ဖြိုးပါတီ လုပ်အားဒါနပေးလှူ

 

သံတွဲ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ် သံတွဲမြို့ ဗျာဒိတ်တော်ရ ရွှေဆံတော်စေတီရင်ပြင် ပေါ်တွင် ကိန်းဝပ်စံပယ်လျက်ရှိသော မြတ်ဗုဒ္ဓ၏ လက်ဝဲအောက် စွယ်တော်မြတ်အား သံတွဲမြို့အတွင်း လှည့်လည်ပူဇော်ပွဲတွင် သိမ်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒက ဦးဆောင်ပြီး သံတွဲခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဇင်နှင့် ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် ကော်မတီဝင်များ၊ လူငယ်နှင့်အမျိုး သမီးရေးရာ ပါတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ/မီးသတ် တပ်ဖွဲ့ဝင်များနှင့် အများပြည်သူများလိုက်ပါကြပြီး လူငယ်ပါတီဝင် စည်တော်အဖွဲ့က ရခိုင်စည်တော်တီးခတ်ကာ လုပ်အားဒါနပေးလှူ ခဲ့ကြသည်။

အောင်မျိုးဦး