အင်းတော်ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ပြည်သူများနှင့်လက်ဖက်ရည်စကားဝိုင်းပြုလုပ်

 

အင်းတော် ဇန်နဝါရီ ၃ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် ကျေးလက်ပြည်သူ များနှင့် လက်ဖက်ရည်စကားဝိုင်း ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်၍ မွန်းလွဲ ၃ နာရီခွဲအထိ ကျောင်းကုန်းကျေးရွာအုပ်စုပိန္နဲကုန်း ကျေးရွာနှင့် မန်လည်ကျေးရွာအုပ်စု ညောင်တုန်းကျေးရွာ၊ လောင်းစု ကျေးရွာတို့တွင် သက်ဆိုင်ရာနယ် မြေဒေသအလိုက် အစုအဖွဲ့ခွဲ၍ ပြု လုပ်ခဲ့သည်။

အဆိုပါစကားဝိုင်းဆွေးနွေးရာ တွင် မဲဇာအထက်/အောက်ဒေသ တာဝန်ခံ မြို့နယ်ကော်မတီဝင် ဦးမြတ်ထွန်း၊ ဦးအောင်ရွှေနှင့် အရန် ကော်မတီဝင် ဦးဆန်းဝင်းတို့ က ကျောင်းကုန်းအုပ်စု ပိန္နဲကုန်း ကျေးရွာ၌လည်းကောင်း၊ မန်လည် ဒေသတာဝန်ခံ မြို့နယ်ကော်မတီ ဝင် ဦးအောင်ကျော်စိုး၊ ဒေါ်သင်း သင်းလှိုင်နှင့်ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်းတို့ဦးဆောင်သောအဖွဲ့ က မန်လည်အုပ်စု ညောင်တုန်း ကျေးရွာနှင့် လောင်းစုကျေးရွာ တို့ တွင်လည်းကောင်း သက်ဆိုင်ရာ နယ်မြေခံ ရပ်ကျေးပါတီဥက္ကဋ္ဌများ လိုက်ပါ၍ ဒေသခံပြည်သူများ၊ ပါတီဝင်များနှင့် တွေ့ဆုံကာ ဆက် လက်ဆောင်ရွက်မည့်ပါတီသဘော ထားများနှင့် လက်ရှိဖြစ်ပေါ်နေ သော နိုင်ငံရေးအခြေအနေများကို လက်ဖက်ရည် စကားဝိုင်းဖွဲ့အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ကျော်စွာထွန်း