မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့နယ်ပါတီကော်မတီ များနှင့် (၁၉)ရပ်ကွက်စည်းရုံးရေး မှူးများ တွေ့ဆုံညှိနှိုင်းမှုပြုလုပ် သည့်အစည်းအဝေးကို မြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အတွင်းရေး မှူးဦးဝင်းကြိုင်က လက်ရှိပါတီဝင် စိစစ်ပြီးစီးမှု အခြေအနေနှင့်ဘဏ္ဍာ ရေးမှူးဦးသန်းထိုက်က ငွေကြေး သုံးစွဲမှု၊ စည်းရုံးတာဝန်ခံ ဦးအေး မင်းဇော်က ပါတီဝင်စိစစ်ရင်းပါတီ ဝင်အသစ်ရရှိအောင်စည်းရုံးနိုင် ရေးဆွေးနွေးပြီး ရပ်ကွက်အလိုက် ပြန်လည်ဆွေး နွေးမှုပြုလုပ်ကာ အစည်းအဝေးကို ညနေ ၄ နာရီခွဲ တွင် ပြီးမြောက်ခဲ့ကြောင်း သိရ သည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)