ပည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပညာရေးစုံညီပွဲတော်တက်ရောက် ကျေးရွာလူထုနှင့်တွေ့ဆုံဆွေးနွေး

 

မိတ္ထီလာ ဇန်နဝါရီ ၂၉

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် လိန်တောအုပ်စု ကံကောင်းကျေးရွာ အမက(၆ဝ) ကျောင်း၌ ယမန်နေ့နံနက် ၉နာရီ မှ မွန်းတည့် ၁၂ နာရီအထိ ပညာ ရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီ ပွဲတော် ကျင်းပခဲ့သည်။

အဆိုပါပညာရည်ချွန်ဆုပေးပွဲ သို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးသန်းနှင့်အခြေခံ ပညာဦးစီးဌာနမြို့နယ်ဒုလက်ထောက် ပညာရေးမှူးဒေါ်အေးအေးသန်းတို့ က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်း ရေးမှူးဦးချစ်ထွေး၊ မြို့နယ်ကော် မတီဝင်ဦးအောင်သင်းနိုင်၊ဦးစိုးလှိုင် တို့က ဆုရကျောင်းသားကျောင်း သူများအား ဆုများ ချီးမြှင့်ခြင်းများ ပြုလုပ်ပေးကာ အကဖြင့် ဖျော်ဖြေ သော ကျောင်းသားကျောင်းသူများ ကို ဆုများချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကံကောင်းရွာ သောက်ရေကန်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးခြင်း၊ လိန်တော အုပ်စု လျှပ်စစ်မီးလင်းရေးအတွက် မီးကော်မတီများ၊ ကျေးရွာလူထု ၅ဝ ခန့်နှင့် မီးလင်းရေးအတွက် ဆောင်ရွက်ထားမှုကို ရှင်းလင်း ပြောကြားကာ လူထုနှင့် တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)