ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာလှုပ်ရှားမှု

 

ဝက်လက် ဇန်နဝါရီ ၂၈

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၉နာရီခန့်က မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်၊အမျိုးသမီးရေးရာတာဝန်ခံဒေါ်တင်မာနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များဦးဆောင်ပြီး ရုံးသာ ကျေးရွာဓမ္မစကူးလ်ကျောင်းသို့ အာဟာရဒါနကျွေးမွေးခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ရုံးသာကျေးရွာဓမ္မစကူးလ်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၂ဝ ရှိပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရေးကူညီပေးပါရန် ကျောင်းသားမိဘများကတောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကဲကြီး(ဝက်လက်)