ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အလံသစ်တင်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီရုံးတွင်ဇွန်လ(၂၇) ရက်နံနက် (၉) နာရီက နိုင်ငံတော်အလံနှင့်ပြည်ခိုင်ဖြိုးပါတီအလံသစ်လွှင့်တင်ပွဲအခမ်းအနား ကျင်းပသည်။
ပြည်ခိုင်ဖြိုးပါတီအလံသစ်လွှင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဗဟိုပါတီကော်မတီဝင် ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းပါတီကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်အောင်နှင့် တိုင်းပါတီကော်မတီဝင် ဒေါက်တာကျော်စိုးတို့က နိုင်ငံတော်အလံနှင့်ပြည်ခိုင်ဖြိုးပါတီအလံသစ်အား တိုင်ထိပ်သို့လွှင့်ထူသည်။
ထို့နောက် တက်ရောက်လာသူများမှ နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံနှင့်ပါတီအလံသစ်တို့အား အလေးပြု၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ထိန်ဝင်း(YGN)