ပြည်နယ်ပါတီအတွင်းရေးမှူး ဗန်းမော်မြို့နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးတက်ရောက်အားပေး

 

ဗန်းမော် ဇန်နဝါရီ ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ပါတီကြားဖြတ်ရွေးချယ်ဖွဲ့ စည်းရေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ရာ ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးဦးစိုးသိန်း၊ပြည်နယ် ပါတီကော်မတီဝင်ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး၊ အတွင်းရေးမှူးဒေါ်ဝိုင်း၊ မြို့နယ် ပါတီနာယကများ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသက်ဝင်း၊အတွင်းရေးမှူး ဦးစောမိုးကျော်နှင့်ပါတီကော်မတီ ဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များစုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သဘာပတိဦးဝင်း မောင်သိန်းက အမှာစကားပြော ကြား၍ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်း ဇော်လေးက ကြားဖြတ်ရွေးချယ်ဖွဲ့ စည်းရေးလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြပြီး ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင် ဦးသက်ဝင်းကဦးအောင်သိန်းဝင်း၏ အမည်စာရင်းအား တင်သွင်းခဲ့ရာ သဘာပတိက တက်ရောက်လာ သူများ၏ သဘောထားကိုခံယူ၍ ဦးအောင်သိန်းဝင်းအား မြို့နယ် ပါတီကော်မတီဝင်အဖြစ် အတည် ပြုကြေညာခဲ့သည်။

ဆက်လက်၍ ရွေးချယ်ခံရသူ ဦးအောင်သိန်းဝင်းသည် သဘာပ တိအဖွဲ့ဝင်များရှေ့၌ ကတိသစ္စာ ခံယူ၍ သဘာပတိကနိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ပါတီ အတွင်းရေးမှူးက လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ် သက်၍ရှင်းလင်းတင်ပြခဲ့ပြီးအခမ်း အနားကိုကြွေးကြော်သံများဖြင့် ရုပ် သိမ်းခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည် နယ်ပါတီကော်မတီဝင် ဦးဝင်း မောင်သိန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များသည် စင်းခန်း ကျေးရွာသို့ရောက်ရှိခဲ့ကြပြီး မွန်းလွဲ ၁ နာရီခွဲတွင် ကျေးရွာပါတီရုံး၌ ပါတီဝင်မျာနှင့်တွေ့ဆုံခဲ့ရာကျေးရွာ ပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များစုစု ပေါင်း၁၂ဝတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက လက်ရှိနိုင်ငံရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးပြည်နယ်ပါတီ ကော်မတီဝင်ဦးဝင်းမောင်သိန်းနှင့် ခရိုင်ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး တို့ကဖြည့်စွက်၍ အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ