ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေပျံကျေးရွာတောင်သူများနှင့်ဆွေးနွေးပွဲကျင်းပ

 

ထီးချိုင့် ဇန်နဝါရီ ၁၆

ထီးချိုင့်မြို့နယ် ရေပျံကျေးရွာ ၌ ပြည်ခိုင်ဖြိုးပါတီက မြို့နယ်တာ ဝန်ခံဦးစိုးစိုးနှင့် မြို့နယ်အမှုဆောင် များဦးဆောင်ပြီး ရေပျံကျေးရွာ ဦးခင်အောင်နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် တာဝန်ခံဦးစိုးစိုးက ပါတီအောင် နိုင်ရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ရန် ဆွေးနွေးပြီး တောင်သူများ က ယခုနှစ် စက်ရုံကို ကြံရောင်းချ ရသည်မှာအဆင်မပြေကြောင်းများ ပြောဆိုဆွေးနွေးကြပြီး ပါတီအနေ ဖြင့် ကူညီပြောဆိုပေးနိုင်ပါက ဝိုင်းဝန်းဆောင်ရွက်ပေးပါရန် ဆွေး နွေးပြောကြားသည်။ ဆွေးနွေးပွဲကို ရွာသူရွာသားများနှင့် မြို့နယ်အမှု ဆောင်များတက် ရောက်ပြီး မွန်းလွဲ ၃ နာရီခွဲတွင် ဆွေးနွေးပွဲပြီးဆုံးခဲ့ ကြောင်း သိရသည်။

မျိုးမင်းကျော်(ထီးချိုင့်)