ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် အာရှ ယဉ်ကျေးမှုဆိုင်ရာကောင်စီ ဖွဲ့စည်းတည်ထောင်ခြင်းအခမ်းအနားနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်မည်

 

ရန်ကုန် ဇန်နဝါရီ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏ မောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် အာရှယဉ်ကျေးမှုဆိုင် ရာကောင်စီဖွဲ့စည်းတည်ထောင်ခြင်းအခမ်းအနားနှင့်ဆက်စပ်အစည်းအဝေး များတက်ရောက်ရန် ယမန်နေ့နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အာရှယဉ်ကျေးမှုဆိုင်ရာကောင်စီကို အာရှနိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံ(ICAPP)က ဖွဲ့စည်းတည်ထောင် ခြင်းဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံတွင်ရုံး ချုပ်ထားရှိသွားမည်ဖြစ်သည်။ အခမ်း အနားနှင့်ဆက်စပ်အစည်းအဝေးများတက် ရောက်ရန်အတွက် ဦးဝဏ္ဏမောင်လွင်နှင့် အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ် သောဦးသိန်းထွန်းဦးလည်းလိုက်ပါသွားခဲ့ သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသည် အာရှနိုင်ငံရေးပါတီများ နိုင်ငံတကာညီလာခံ(ICAPP)တွင်အဖွဲ့ဝင် ပါတီဖြစ်ကာ ဦးဝဏ္ဏမောင်လွင်သည် ICAPP တွင်ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ICAPP အား အာရှဒေသ အတွင်းရှိ နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်ကာ အာဏာရ ပါတီများနှင့် အတိုက်အခံပါတီအများ အပြားပါဝင်နေသည့်အဖွဲ့ဖြစ်သည်။ အာရှ ယဉ်ကျေးမှုဆိုင်ရာကောင်စီအတွက် ရေးဆွဲ ထားသောမူဘောင်များကို ICAPP ၏ ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပြီး နောက် အတည်ပြုမည်ဖြစ်သည်။

ဦးဝဏ္ဏမောင်လွင်နှင့် ဦးသိန်းထွန်းဦး တို့သည့် ယနေ့ဒေသစံတော်ချိန်မွန်းလွဲပိုင်း တွင်အခမ်းအနားနှင့် ဆက်စပ်အစည်း အဝေးများကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ယံရိဗ်မြို့ရှိ နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့ရာတွင် ကမ္ဘောဒီးယားစာတိုက် နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ Under Secretary of State အဖြစ် တာဝန် ထမ်းဆောင်နေသော Botum Rangsay Chring က လာရောက်ကြိုဆိုကာ အစီ အစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီးနောက် တည်းခိုရမည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။

အာရှယဉ်ကျေးမှုဆိုင်ကောင်စီဖွဲ့စည်း တည်ထောင်ခြင်းအခမ်းအနားသို့ ကမ္ဘော ဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၊ မလေးရှား ဝန်ကြီးချုပ်မဟာသီယာမိုဟာမက်နှင့်အင်ဒို နီးရှားဒုတိယသမ္မတ ယူဆက်ဖ်ကယ်လာ တို့လည်းတက်ရောက်မည်ဖြစ်သည်။

NG