ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဇန်နဝါရီ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပါတီတာာဝန်ခံ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးနိုင်သည် ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်နှင့် ပြည်နယ်ကော်မတီ ဝင်များ၊ အရန်ပြည်နယ်ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ခဲ့သည်။

ဆက်လက်ပြီး ပါတီ၏မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့်ကော်မတီဝင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။