ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲသို့တက်ရောက် အလှူငွေပေးအပ်

 

ပုသိမ် ဒီဇင်ဘာ ၁၆

ပုသိမ်ခရိုင်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံ ခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကျောင်းကုန်းမြို့နယ်ပြည် ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော် သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ သည်။ ယင်းနောက် ဗဟိုအလုပ် အမှုဆောင် တောင်သူလယ်သမား ရေးရာတာဝန်ခံ ဦးအောင်တင်မြင့် တက်ရောက်ချီးမြှင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်က သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ အခမ်းအနားသို့ ပုသိမ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်၊ အတွင်းရေး မှူးဦးလှဌေး၊ ဘဏ္ဍာရေးမှူးဦးအောင်မြင့်သိန်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ကျောင်းကုန်းမြို့နယ်ပါတီအတွင်းရေးမှူး ကျော် ဝင်းရှိန်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့်က သင်တန်းသို့ အလှူ ငွေပေးအပ်လှူဒါန်းပြီး နေ့လယ်ပိုင်းတွင် ရေကြည်မြို့နယ် ပါတီကော် မတီရုံး၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်သန်း၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး စည်းရုံးရေးဆိုင်ရာလုပ်ငန်းများ၊ အမျိုးသမီးညီလာခံရှေ့ လုပ်ငန်းစဉ်များ အသေးစိတ်ဆွေးနွေးခဲ့သည်။