ရန်ကုန်တောင်ပိုင်းခရိုင် တောင်သူလယ်သမားအသင်းမှ ကြီးမှူးကျင်းပသည့် တောင်သူလယ်သမား တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧည့်သည်တော်အဖြစ် တက်ရောက်

 

နေပြည်တော်၊ မေ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင် တောင်သူလယ်သမားအသင်းမှ ကြီးမှူးးကျင်းပသည့် တောင်သူလယ်သမား တွေ့ဆုံပွဲကို ယနေ့ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သူဌေးကွင်းစံပြကျေးရွာတွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

အဆိုပါ တောင်သူလယ်သမားတွေ့ဆုံပွဲ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ပြီး သဘာကတိမှ အဖွင့်အမှာစကား ပြောကြားသည်။ သဘာကတိမှ အဖွင့်အမှာစကား ပြောကြား ပြီးနောက် ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာမှ တောင်သူကြီး ဦးစိန်လှိုင်မှ တောင်သူလယ်သမား အခွင့်အရေး နှင့် ကျိုးစီးပွားကွယ်စောင့်ရှာက်ရေးအဆို၊ သုံးခွမြို့နယ် ဒိတ္ထိယကျေးရွာမှ တောင်သူကြီး ဦးနိုင်ဦးမှ တောင်သူ လယ်သမားများ ကြီးပွားတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်နိုင်ငံရေး စည်းရုံးရေးနည်းလမ်းများနှင့် ပတ်သက် သည့် အဆိုအား တင်သွင်းကြသည်။

ထို့နောက် အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အကြံပြုဆွေးနွေးသည်။ အစီအစဉ်အရ တောင်သူလယ်သမားများ ကိုယ်စား အဆိုရှင်နှစ်ဦး၏ ဆွေးနွေးချက်အား တောင်သူကြီးတစ်ဦးမှ ထောက်ခံဆွေးနွေးသည်။

တောင်သူလယ်သမားများကိုယ်စား အဆိုရှင်နှစ်ဦး၏ တင်သွင်း ဆွေးနွေးချက်နှင့်အတူ တောင်သူလယ်သမားကြီး တစ်ဦးမှ ဆွေးနွေးသွားသည့်အတွက် အခမ်းအနားမှ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ မှတ်တမ်းတင်ခြင်း အတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။