ပြည်ထောင်စုနယ်မြေပါတီ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြား

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ (၅) ရက် နံနက် ၁ဝနာရီက လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က အမှာစကားပြောကြားရာတွင် ပါတီလုပ်ငန်းနှင့် ပါတီစည်းရုံးရေး စွမ်းရည်များ တိုးတက်နေစေရန် ပါတီကော်မတီဝင်များက အမြဲလေ့လာ ဆည်းပူးနေကြရန်လိုအပ်ကြောင်း၊ ပါတီဗဟိုဌာနချုပ်မှ လမ်းညွှန်ထားသည့် ရှေ့လုပ်ငန်း စဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး မြို့နယ် အတွင်းနေထိုင်သော ပြည်သူလူထုအား သက်ဆိုင်ရာ နယ်မြေများအလိုက် ပါတီဝင်များက ထိတွေ့စည်းရုံးမှုများကို ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း တပ်ကုန်းမြို့နယ်၌ ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် အဆင်ပြေ ပြီးမြောက်ရန်အတွက် လုပ်ငန်းစီမံချက်များ ကြိုတင်ပြုလုပ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်း ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစေရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ကော်မတီဝင်များ၏ တင်ပြဆွေးနွေးမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ နာယကများဖြစ်သော ဦးခင်မောင်ဌေး၊ ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီ ဝင်များ၊ နေပြည်တော်ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ တပ်ကုန်း မြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးကော် မတီဝင်များ စုစုပေါင်း ၃ဝ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)


Leave a Reply