ငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆပ်ပျာကျင်းကျေးရွာ ကြောင်နံ့သာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် မိသားစုများက (၁၃)ကြိမ်မြောက် စုပေါင်းဘုံ ကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ဒီဇင်ဘာ (၄) ရက် နေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲတွင် ဆရာတော် ဘဒ္ဒန္တဓမ္မသာမိထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တသြဘာက ဆုံးမသြဝါဒမြွက်ကြားသည်။

ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့် ပါတီဝင်များက ကထိန်သင်္ကန်းနှင့် ပဒေသာပင် ကပ်လှူပူဇော်၍ ရေစက်ချ အမျှပေးဝေကြပြီး ဆရာတော်ကြီးများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆွမ်းရေချမ်း ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ ကထိန်အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်လာသော ပါတီဝင်များနှင့် ဒေသခံပြည်သူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)


Leave a Reply