ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ပါတီအဆင့်ဆင့်ဖွဲ့စည်းရေးနှင့် လမ်းညွှန်ချက်များ ရှင်းလင်း

UPH

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီအဆင့်ဆင့်ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးနှင့်ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်းပွဲအခမ်းအနားကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး (ငြိမ်း)များနှင့် ခရိုင်/မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ (၈ဝ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးစီမံချက် လုပ်ထုံးလုပ်နည်းများကို ပထမဦးစွာရှင်းလင်းဆွေးနွေးပြီး အခြေခံအဖွဲ့အစည်းများဖြစ်သော ရပ်ကွက် နှင့် ကျေးရွာပါတီများခိုင်မာပါမှ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးပါတီများ ခိုင်မာမည်ဖြစ်ကြောင်း၊ ကိုယ် တိုင်ဆန္ဒပြု၍ စွမ်းစွမ်းတမံဆောင်ရွက်မည့် ပုဂ္ဂိုလ်များဖြစ်ရန်နှင့် လူကောင်းလူတော်များ၊ လူမှန် နေရာ မှန် ရွေးချယ်ပေးကြရန်လိုကြောင်း၊ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးကော်မတီအဆင့် ရွေးချယ်ပုံနည်းလမ်းအဆင့်ဆင့်အားရှင်းလင်းပြီး ပါတီတွင်းစည်းလုံးညီညွတ်ရေးပျက်ပြားခြင်းမရှိ စေရန် ပါတီအကျိုး၊ နိုင်ငံတော်အကျိုး ထမ်းဆောင်မည့်လူများဖြစ်အောင် ကြိုးစားကြရန် မှာကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကြည်ထွန်းက ပါတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်း ရေးစီမံချက်ကို အသေးစိတ်ရှင်းလင်းရာ ရပ်/ကျေးပါတီရွေးချယ်ရေးနှင့် မြို့နယ်၊ ခရိုင်ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ရေး၊ ကော်မတီများဖွဲ့စည်းဆောင်ရွက်ရန်နှင့် ပါတီအောင်နိုင်ရေးကိုလည်းကောင်း၊ အမျိုးဘာသာသာသနာ မကွယ်ပျောက်ရေးအတွက် မိမိပါတီနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ Viber Groups၊ လူမှုကွန်ရက် Facebook များ ပါတီဝင်တိုင်းအားလုံး အသုံးပြုကြရေး၊ မျက်နှာစုံညီအစည်းအဝေးများ ရက်သတ်မှတ်၍ အချိန်ဇယားရေးဆွဲဆောင်ရွက်ရေး၊ ပါတီအဆင့်ဆင့် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့အတွက် တိုင်း ဒေသကြီးပါတီတွင် ဆောင်ရွက်နေပုံတို့ကို အသေးစိတ် မှာကြားရှင်းလင်းခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများက မရှင်းလင်းသည်များ မေးမြန်းခြင်း၊ ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စရပ်များ တင်ပြဆွေးနွေးခြင်း၊ ကော်မတီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းများကို တင်ပြ ဆွေးနွေးရာ ဗဟိုအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက နိဂုံးချုပ်စကားပြောကြားရာတွင် Online Media နှင့် Printed Media များ အကျယ်တဝင့် အသုံးပြုရေးသားကြရန်နှင့် ပါတီအဆင့်ဆင့် မျက်နှာစုံညီ အစည်းအဝေးများနှင့် ဗဟိုပါတီညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်မှာ ကြားကာ အခမ်းအနားကို မွန်းလွဲ ၁၂နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်မြင့်


Leave a Reply