နယ်မြေကွင်းဆင်း၍ရပ်ကျေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

ရပ်စောက် မြို့နယ် မြို့နယ်ပါတီ ဥက္ကဌ ၊အတွင်းရေးမှူး ဉီးအေးထွန်း၊ နယ်မြေတာဝန်ခံ မြို့နယ် ကော်မတီ ဉီးသိန်း​အောင်၊ဒေါ်နန်းညိုညိုစိန်၊​ဒေါ်အိအိအောင်တို့မှ ကျောက်တော ကျေးရွာအုပ်စု ကျောက်တလုံး ကျေးရွာ ခေါင်းဆောင် ဦးဇော်ဦး နေအိမ်တွင် ရုပ်ကြီးကျေးရွာ၊ ရုပ်ငယ်ကျေးရွာ၊ကျောက်တလုံးကျေးရွာ၊ ရေမဲဆုံကျေးရွာ၊မျက်ရဲကျေးရွာ ၊ဆပ်မြို့ရွာဟောင်း တို့မှ ရပ်ကျေးခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးအား ကျောက်တလုံးကျေးရွာ၌ ပြုလုပ်ခဲ့ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် ပါတီဝင် အင်အားစီစစ်ခြင်း၊ ကျေးရွာဥက္ကဋ္ဌ၊ကျေးရွာ စည်းရုံးရေးမှူးများ ပြန်လည်ဖွဲ့စည်းခြင်း နှင့် ပါတီဝင်အသစ် တိုးပွားရေး ကိစ္စ ရပ်များကို ညှိနိူင်းဆွေးနွေးခဲ့ကြပါသည်။  ဆက်လက်ပြီး နေ့လည် (၁း၀၀) နာရီတွင် ဖောင်းတောကျေးရွာအုပ်စု နောင်ခမ်းကျေးရွာရှိ ကျေးရွာခေါင်းဆောင် ဉီးမှတ်ကြီး နေအိမ်တွင် ကျေးရွာ ဥက္ကဋ္ဌ ဉီးစံထွန်းအောင်၊ဉီးမှတ်ကြီးတို့နှင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊အုပ်စုအစည်းအဝေး ပြုလုပ်နိူင်ရေး အတွက် ကြိုတင်ညှိနိူင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။