ဝင်ငွေအနည်းဆုံး လုပ်သားများကို လုပ်ခတိုးမြှင့်ပေးမည်ဟု ပြင်သစ်သမ္မတ ကြေညာ

ပြင်သစ်နိုင်ငံအတွင်း သီတင်းပတ်ကြာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို လိုက်လျောတဲ့အနေနဲ့ ဝင်ငွေအနည်းဆုံး လုပ်သားတွေကို လုပ်ခတိုးမြှင့်ပေးပြီး ပင်စင်စားတွေကို အခွန်လျှော့ပေးမယ်လို့ သမ္မတမာခွန်းက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ နိုင်ငံတဝှမ်း အဆိုးရွားဆုံး မငြိမ်သက်မှုတွေ ဖြစ်ပေါ်ပြီးနောက် နိုင်ငံကို ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတ မာခွန်းက တည်ငြိမ်ရိုကျိုးစွာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာခွန်းဟာ လူချမ်းသာခွန် ပြန်လည်ပြဋ္ဌာန်းဖို့နဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရုပ်သိမ်းဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။ လောင်စာဈေးနှုန်းမြင့်တက်မှုကို ဆန့်ကျင်ဆန္ဒပြရာမှ စတင်ခဲ့တဲ့ “အင်္ကျီဝါလှုပ်ရှားမှု” ဆန္ဒပြပွဲ စတုတ္ထသီတင်းပတ်မှာပဲ သမ္မတ မာခွန်းက အခုလို မိန့်ခွန်းနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာပါ။

၂၀၁၉ ကျရင် အနိမ့်ဆုံးလုပ်ခရသူတွေဟာ တလကို ယူရိုငွေ ၁၀၀ တိုးမြှင့်ရရှိမှာ ဖြစ်တယ်လို့ မာခွန်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် ယူရိုငွေ ၂,၀၀၀ အောက် ပင်စင်စားတွေဟာလည်း ဒီနှစ်ရဲ့ လူမှုဖူလုံရေးအခွန်ငွေ တိုးမြှင့်မှုကနေ ကင်းလွတ်ခွင့်ရမှာ ဖြစ်တယ်လို့ သမ္မတ မာခွန်းက ပြောခဲ့ပါတယ်။ 

DVB