Facebook ဌာနချုပ်မှာ ဗုံးလန့်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီယားပြည်နယ်မှာရှိတဲ့ လူမှုကွန်ရက်ကုမ္ပဏီ Facebook ရဲ့ ရုံးဌာနချုပ်ဝန်း အတွင်း ဗုံးလန့်မှု တစ်ခုဖြစ်ခဲ့ပြီး အဆောက်အဦးတစ်ချို့ကို ရှင်းလင်းခဲ့ရကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၁ ရက်က ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Menlo Park မှာ ရှိတဲ့ Facebook ရုံးချုပ်ဝန်းအတွင်းက အဆောက်အအုံ တစ်ချို့မှာ ရှိသူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပြီး ဗုံးရှာဖွေ ရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အားလုံး ဘေးကင်းကြောင်း နဲ့ ဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်းနေကြောင်း ကုမ္ပစီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ Facebook ရဲ့ Silicon Valley ဌာနချုပ်က အဆောက်အအုံတစ်ခုကို ဗုံး ခြိမ်းခြောက်မှု သတင်းတစ်ခုရလို့ သွားရောက်ရှင်းလင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့ကလည်း ပြောပါတယ်။

ဒါပေမယ့် ရှင်းလင်းရေး လုပ်ငန်းတွေ အပြီးမှာတော့ မည်သည့် ပေါက်ပွဲစေတတ်တဲ့ပစ္စည်းတစ်ခုကိုမှ မတွေ့ခဲ့ရဘူးလို့လည်း သိရပါတယ်။ အဆိုပါ Facebook ၀န်းအတွင်း ဗုံး ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အမည်မဖော်လိုသူတစ်ဦးဆီက အကြောင်းကြားသတင်းပေးမှုကို နယူးယော့ခ် ရဲဌာနက လက်ခံရရှိပြီးနောက် သက်ဆိုင်ရာ ဒေသအာဏာပိုင် တွေဆီ တပ်လှန့်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

Mizzima