မောင်တောမြို့ ဟိန္ဒူဒုက္ခသည်စခန်းကို လူကယ်ပြန်ဝန်ကြီးဌာနက စားနပ်ရိက္ခာ ထောက်ပံ့

ရိက္ခာထောက်ပံ့မှု မရသည့် မောင်တောမြို့ ဟိန္ဒူ ဒုက္ခသည်စခန်းရှိ မိသားစုဝင်များ အတွက် စားနပ်ရိက္ခာများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်တွင်ထောက်ပံ့ ခဲ့ကြောင်း ယင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မောင်တောမြို့ ဟိန္ဒူဒုက္ခ သည်စခန်းတွင် လူဦးရေ ၁,၂၀၀ ကျော်နေထိုင်ပြီး အစိုးရ ရိက္ခာထောက်ပံ့မှုမရသည်မှာ သုံးလ ကျော်ပြီဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘ရိက္ခာမရတဲ့အချိန် ကြုံသလို ရှာကြံစားသောက်ခဲ့ရတယ်။ အပြင်ထွက် အလုပ်လုပ်ကြပေမယ့် သိပ်အဆင်မပြေ ကြဘူး။ အစိုးရထောက်ပံ့မှုက လိုနေပါသေးတယ်’’ဟု ဟိန္ဒူဒုက္ခသည် စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ် သည့် ဦးမောင်လှက ပြောသည်။

မောင်တော ဒေသတွင် ၂၀၁၇ သြဂုတ်က ARSA အကြမ်း ဖက်အဖွဲ့၏ တိုက်ခိုက်မှုများ ကြောင့် ဒေသခံ ရခိုင်တိုင်းရင်း သားများနှင့် ဟိန္ဒူဘာသာဝင်များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ရပြီး ဘင်္ဂါလီအချို့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သွားသည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင် နေသူများအတွက် ပြန်လည်နေ ရာချထားရေး အစီအစဉ်များ ဆောင်ရွက်နေဆဲဖြစ်သည်။