အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်များကြောင့် Huawei ပစ္စည်းများအသုံးပြုခြင်းကို နယူးဇီလန် ပိတ်ပင်တားမြစ်

အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် Huawei ကုမ္ပဏီထုတ် ဆက်သွယ်ရေးပစ္စည်းများ အသုံးပြုမှုကို နယူးဇီလန်နိုင်ငံက ပိတ်ပင်တားမြစ်သွားဖြစ်ကြောင်း သိရသည်။ ယင်းသို့ Huawei ကုမ္ပဏီထုတ် ဆက်သွယ်ရေးပစ္စည်းများကို ပိတ်ပင်တားမြစ်သည့်နိုင်ငံများအနက် နယူးဇီလန်သည် နောက်ဆုံးနိုင်ငံ ဖြစ်လာသည်ဟု သိရသည်။

နယူးဇီလန်နိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ Spark New Zealand က ၄င်း၏ 5G မိုဘိုင်းလ်ကွန်ရက်တွင် Huawei ပစ္စည်းများကို အသုံးပြုလိုခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နယူးဇီလန်အစိုးရ လုံခြုံရေးအေင်ဂျင်စီက အဆိုပါသဘောတူညီချက်သည် အမျိုးသားလုံခြုံရေးကို အလွန်အန္တရာယ်ရှိလာလိမ့်မည်ဟု ပြေကြားခဲ့ကြောင်း သိရသည်။ ၄င်းဆောင်ရွက်ချက်များသည် လုံခြုံရေးကဏ္ဍများတွင် တရုတ်နည်းပညာ ပါဝင်ပတ်သက်မှုကို တိုးမြှင့်ဆန့်ကျင်ခြင်း၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်ဟု သိရသည်။

5G ကွန်ရက်များကို နိုင်ငံများစွာတို့တွင် တည်ဆောက်နေလျက်ရှိကြပြီး ၄င်းသည် နောက်ထပ် မိုဘိုင်းလ်အခြေခံ အဆောက်အအုံ၏ ထူးခြားသည့်လှိုင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ ကမ္ဘ့ာအကြီးဆုံး ဆက်သွယ်ရေးပစ္စည်းများ ထုတ်လုပ်သည့် Huawei သည် ၄င်း၏ နည်းပညာကို သူလျှိုလုပ်ငန်း အတွက် အသုံးပြုနေနိုင်သည့်အန္တရာယ်နှင့် ပတ်သက်၍ နိုင်ငံရပ်ခြား အစိုးရများမှ အတိုက်အခံပြုလုပ်နေမှုကို ရင်ဆိုင်နေရလျက်ရှိသည်။

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ကလည်း Huawei နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြပြီး ဂျာမနီ၊ ဂျပန် နှင့် ကိုရီးယားတို့တွင်လည်း Huawei စက်ရုံများသည် စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးမှုများကို ခံနေရသည်ဟု သိရသည်။

-Ref: BBC News