နစကဥက္ကဋ္ဌနှင့် ရုရှားသမ္မတ အကြံပေး တွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေး

ရုရှားဖက်ဒ​ရေးရှင်းနိုင်ငံသို့ ​ရောက်ရှိ​နေသည့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ​တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်သည် ရုရှားနိုင်ငံ သမ္မတ၏ အကြံ​ပေးနှင့် ​ဖိုရမ်ဖြစ်​မြောက်​ရေး​ကော်မတီ အထူးအတွင်း​ရေးမှူး Mr. Anton Kobyakov နှင့် စက်တင်ဘာ ၆ ရက် ည​နေပိုင်းတွင် ရုရှားနိုင်ငံ၊ ဗလာဒီ​​ဗော့စ​တော့ခ်မြို့၊ FEFU Campus အတွင်း၌ ​တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

ထို့သို့ ​တွေ့ဆုံရာတွင် (၇)ကြိမ်​မြောက် အ​ရှေ့ဖျားစီးပွား​ရေးဖိုရမ်(The 7 th Eastern Economic Forum-2022)ကို တက်​ရောက်နိုင်​ရေး ဖိတ်ကြားခဲ့သည့် အ​ခြေအ​နေများ၊ လာမည့်နှစ်တွင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံမှု (၇၅)နှစ် ပြည့်​မြောက်မည်ဖြစ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား၊ တပ်မ​တော် နှစ်ရပ်အကြား မိတ်​ဆွေ​ကောင်း ပီသစွာဖြင့် ဆက်ဆံ​ရေး​ကောင်းများကို တည်​ဆောက်နိုင်ခဲ့သည့် အ​ခြေအ​နေများ၊ စစ်ဘက်နည်းပညာ ပူး​ပေါင်း​ဆောင်ရွက်မှုကဏ္ဍတွင် ​အောင်မြင်စွာ ​ဆောင်ရွက်နိုင်သကဲ့သို့ အရပ်ဘက် ဆက်ဆံ​ရေး၊ စီးပွား​ရေးဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်မှု မြှင့်တင်​ရေးကဏ္ဍတို့တွင်လည်း ခိုင်မာသည့် ဆက်ဆံ​​ရေးသမိုင်း​ကောင်းကို တည်​ဆောက်နိုင်ခဲ့သည့် အ​ခြေအ​နေများကို ​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

ထို့ပြင် ရုရှား-မြန်မာ မိတ်​ဆွေညီအကိုနိုင်ငံ နှစ်ခုအကြား ပူး​ပေါင်း​ဆောင်ရွက်မှု ကဏ္ဍသစ်များကိုလည်း ဆက်လက်​ဆောင်ရွက်သွားမည့် အ​​ခြေအ​နေများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်​ရေး၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်​ရေးတို့အတွက် တိုက်ရိုက်​လေ​ကြောင်းလိုင်းများ ​​ပြေးဆွဲ​ဆောင်ရွက်လျက်ရှိသည့် အ​ခြေအ​နေများ၊ နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍ​ပေါင်းစုံ ပူး​ပေါင်း​ဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာ​ရေး ဆက်လက်​ဆောင်ရွက်သွားမည့် အ​ခြေအ​နေများအား ​ဆွေး​နွေးခဲ့ကြ​ကြောင်းလည်း သိရသည်။

​တွေ့ဆုံပွဲအပြီးတွင် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ​တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်သည် ရုရှားနိုင်ငံ သမ္မတ၏ အကြံ​ပေးနှင့် ​ဖိုရမ်ဖြစ်​မြောက်​ရေး​ကော်မတီ အထူးအတွင်း​ရေးမှူး Mr. Anton Kobyakov တို့သည် အမှတ်တရ လက်​ဆောင်ပစ္စည်းများ အပြန်အလှန် ​ပေးအပ်ခဲ့ကြ​ကြောင်း သိရသည်။

 source; Eleven