သတင်းထောက်ကို အိမ်ဖြူတော်က ပိတ်ပင်ပြီးနောက် စီအင်န်အင်န်က သမ္မတဒေါ်နယ်ထရန့်ကို တရားစွဲ

စီအင်န်အင်န်သတင်းထောက် ဂျင်မ်အကော့စတာက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား မိုက်ကိုင်လျက် မေးမြန်းနေစဉ် ယင်းမိုက်ကို လက်လှမ်းယူနေသော အိမ်ဖြူတော်ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (Jonathan Ernst/File Photo/REUTERS)

 

သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ဒေါသတကြီး အပြန်အလှန်ပြောဆိုခဲ့ပြီး သတင်းထောက်တစ်ဦးကို အိမ်ဖြူတော် က ပိတ်ပင်ပြီးနောက် စီအင်န် အင်န် (CNN) သတင်းဌာနက ဒေါ်နယ်ထရန့်ကို တရားစွဲခဲ့ သည်။

ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲအပေါ် သတင်းစာရှင်း လင်းပွဲတွင် CNN နိုင်ငံရေး သတင်းထောက် ဂျင်မ်အကော့ စတာကို သမ္မတက ရှုတ်ချပြော ဆိုခဲ့သည်။

ယင်းနောက် ၎င်းထံမှ မိုက်ကရိုဖုန်းရယူရန် ကြိုးစားခဲ့သော အိမ်ဖြူတော် အလုပ်သင်တစ်ဦးကို တိုက်ခိုက်ခဲ့သည် ဟု ဂျင်မ် အကော့စတာအား စွပ်စွဲခဲ့သည်။ အိမ်ဖြူတော် အလုပ်သင် အမျိုးသမီးအပေါ် လက်ရောက်မှု အတွက် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ မစ္စစ်ဆာရာဆန်းဒါးစ်က အကော့စတာကို ပစ်မှတ်ထားပြီးနောက်ပိုင်း ၎င်း၏ အိမ်ဖြူတော် သတင်းယူခွင့်ကတ်ကို ရုပ်သိမ်းခဲ့သည်။

 သမ္မတ၏ ဆုံးဖြတ်ချက် သည် CNN နှင့် အကော့စတာတို့၏ အခြေခံဥပဒေ ပထမပြင်ဆင် ချက်အခွင့်အရေး များကို ချိုး ဖောက်ရာကျသည်ဟု CNN က ပြောကြားပြီး ဒေါ်နယ်ထရန့်ကို တရားစွဲဆိုခဲ့သည်။

အိမ်ဖြူတော် သတင်းရယူ ခွင့်ကတ်ကို သတင်းထောက် အကော့စတာထံ ပြန်ပေးရန် လိုအပ်သော အမိန့်တစ်ရပ် ထုတ်ပြန်ရေး တရားရုံးသို့ တောင်းဆိုထားကြောင်း CNN ထုတ်ပြန်ချက် က ဖော်ပြသည်။

ထို့အပြင် ယခုတရားစွဲဆိုမှု သည် CNN နှင့် အကော့စတာတို့ အတွက် သီးသန့်ဖြစ်သော်လည်း မည်သူ့အပေါ်မဆို ဖြစ်ပျက်နိုင် ကြောင်း၊ ယင်းကို စိန်ခေါ်ခြင်းမရှိ ပါက အိမ်ဖြူတော်၏ လုပ်ရပ်များသည် ရွေးကောက်ခံအရာရှိများထံ သတင်းယူသော ဂျာနယ်လစ်များအတွက် အန္တရာယ်ရှိသော ကျောချမ်းစရာ သက်ရောက်မှုရှိနိုင်ကြောင်း CNN က ပြောသည်။ ထရန့်နှင့် အကော့စတာတို့၏ အပြန်အလှန်ပြောဆိုမှုအတွင်း အမေရိကန်သမ္မတက နောက်ဆက်တွဲ မေးခွန်း မေးရန် ကြိုးစားခဲ့သော ဂျာနယ်လစ်ကို ပါးစပ်ပိတ်သွားရန် ထပ်ကာထပ်ကာ ကြိုးစားခဲ့သည်။

အိမ်ဖြူတော် ဝန်ထမ်းတစ်ဦးက ၎င်းထံမှ မိုက်ကရိုဖုန်းရယူရန် ကြိုးစားချိန်တွင် ၎င်းတို့ နှစ်ဦး လက်မောင်းချင်း ထိမိပြီး ဂျာနယ် လစ်က မိုက်ကရိုဖုန်းကို ဆက်၍ ရယူထားနိုင်ခဲ့သည်။  ဝန်ထမ်း အမျိုးသမီးကို လည်း ခွင့်လွှတ်ပါ မဒမ်ဟု ပြောခဲ့သည်။

အကော့စတာက ပို၍ရန်လို သည့်ပုံပေါ်အောင် ပြင်ဆင်ထားသော ဗီဒီယိုတစ်ခုကို အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ မစ္စစ် ဆန်းဒါးစ်က နောက်ပိုင်းတွင် မျှဝေခဲ့သည်ဟု စွပ်စွဲခံရသည်။

‘‘ဒီပုဂ္ဂိုလ်ရဲ့ သတင်းရယူခွင့် ကတ်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ချက်အတိုင်း ကျွန်မတို့ ရပ်တည်ပါတယ်။ ဒီဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသလို သင့်လျော်မှု မရှိတဲ့ အပြုအမူတွေကို ကျွန်မတို့ သည်းခံမှာ မဟုတ်ပါဘူး’’ ဟု မစ္စစ်ဆန်းဒါးစ် က ပြောကြားသည်။ 

—Ref: CNN/Sky News