ကက်ရှ်မီးယားခွဲထွက်ရေးလှုပ်ရှားသူ ၄၀၀ လောက် အိန္ဒိယ ဖမ်းဆီး

အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ သီးခြားခွဲထွက်ရေး ခေါင်းဆောင်တွေနဲ့ မွတ်ဆလင် တက်ကြွလှုပ်ရှားသူ ၄၀၀ လောက်ကို အိန္ဒိယ အာဏာပိုင်တွေက ဒီသီတင်းပတ်ကုန် ည ပိုင်းတွေမှာ ဖမ်းဆီးလိုက်ပါတယ်။

အသေခံဗုံးအတိုက်ခံရပြီးတဲ့နောက် တပ်လည်း လှန့်ထားမြဲ လှန့်ထားပါတယ်။

ပါကစ္စတန်ကလည်း ပိုင်တယ်ပြောထားတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယအုပ်ချုပ်တာကို အာခံတဲ့ အုပ်စုတွေ အားပျော့သွားအောင် ခုလို ဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Pulwama ခရိုင်မှာ အိန္ဒိယယာဉ်တန်းတတန်း ဒီလ ၁၄ ရက်နေ့က အတိုက်ခံရလို့ စစ်သား ၄၀ သေဆုံးသွားပြီးတဲ့နောက် ခုလို ဖမ်းဆီးတာလည်းဖြစ်ပါတယ်။ ယာဉ်တန်းကို ပါကစ္စတန် အခြေစိုက် JeM အစ္စလမ္မစ်အုပ်စုက တိုက်တာလို့ ကြေညာခဲ့ပါတယ်။ 

—Ref: RFA