ရွှေ့ပြောင်း ဟေတီနိုင်ငံသားများကို ချီလီအစိုးရ နေရပ်ပြန်ပို့

ချီလီအစိုးရဟာ ရွှေ့ပြောင်းလာသူ ဟေတီနိုင်ငံသားတွေကို နိုဝင်ဘာ ၇ ရက်နေ့က လေယာဉ်နဲ့ ဟေတီနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ဟေတီနိုင်ငံသား ၁၇၆ ဦး လိုက်ပါလာတဲ့ ချီလီလေတပ်လေယာဉ်ဟာ ဟေတီနိုင်ငံ မြို့တော် ပို့စ်အော်ပရင့်ကို ရောက်လာခဲ့ပါတယ်။

ဒါဟာ လူသားချင်းစာနာစိတ်နဲ့ ပို့ဆောင်မှုတွေထဲက ပထမဆုံးဖြစ်ပြီး ရွှေ့ပြောင်းသူအဖွဲ့တွေကတော့ ဒါကို အတင်းအကျပ် ပြည်နှင်တယ်လို့ ဆိုပါတယ်။

ပြန်တော်ပြန် ဟေတီနိုင်ငံသားတဦးက “ကျနော်တို့ ဟေတီနိုင်ငံသားတွေ အရှက်ရပါတယ်။ ဘာလို့လဲဆိုတော့ ချီလီနိုင်ငံမှာ ဟေတီတွေအပြင် တခြားနိုင်ငံခြားသားတွေ ရှိတဲ့ဟာကို ချီလီအစိုးရက ကျနော့်ကိုပဲ ပြန်လွှတ်တယ်” လို့ ပြောပါတယ်။

စုစုပေါင်း ဟေတီနိုင်ငံသား ၁,၀၈၇ ဦးကို ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ ချီလီပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ဟေတီနိုင်ငံသား ၁ သိန်းခွဲဝန်းကျင်ဟာ ချီလီနိုင်ငံကို တရားမ၀င် ၀င်ရောက်ခဲ့တယ် လို့ အဆိုပါ ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

DVB