ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ဒီးမော့ဆို – နိုဝင်ဘာ ၉

ယနေ့၉-၁၁-၂၀၁၈ ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန် ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီးမော့ဆိုမြို့နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှု ဆောင်) ကယားပြည်နယ် ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အဖွင့်အမှာစကား ပြောကြား သွားပါသည်။
ဆက်လက်ပြီး ပြည်နယ်ပါတီ ပြည်နယ် ကော်မတီဝင်များ မြို့နယ်ကော်မတီဝင်တို့ကအသီးသီးက ရှေ့ဆက် အကောင် အထည်ဖော်ရမည့် ပါတီကိစ္စရပ်များ၊ မြို့နယ်အလိုက် ပါတီလုပ်ငန်းကိစ္စရပ်များ ကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအသီးသီး ဆွေးနွေးတင်ပြ ကြပါသည်။ ယင်းနောက် ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားသွားပါသည်။
ယင်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ကော်မတီဝင် များဖြစ်ကြသော ဦးရဲဝင်း၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး လွိုင်ကော်ခရိုင် ကော်မတီဝင် ဦးပီတာလင်း
ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်နော်မေရီယန် အတွင်းရေးမှူး ဦးဝီလျံဇော်ထိုက်နှင့် မြို့နယ်ကော်မတီဝင်များ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်နှင့် အမျိုးသမီးအဖွဲ့များ တက်ရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ