မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

မဘိမ်း၊ ​အောက်​တိုဘာ ၃၀

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီအချိန်က မြို့နယ်ပါတီရုံးမှာ ကျင်းပရာ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်၊.ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ဝိုင်းချစ်၊.ခရိုင်ပါတီကော်မတီဝင်များ၊.မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊.ပါတီနာယကများ၊.အကြံပေးများ.၊ အမျိုးသမီးများ အင်အား (၁၀၀) ဦး တက်ရောက်ခဲ့သည်။ အစီအစဉ် ၃ ခုဖြင့် ကျင်းပခဲ့သည်။ အစီအစဉ် ဒုတိယပိုင်းတွင် အစုအဖွဲ့အလိုက် စာတမ်းများ ဆွေးနွေးခဲ့ကြသည်။အစီအစဉ် တတိယပိုင်းကို ဆက်လက်ကျင်းပရာ အစုအဖွဲ့အလိုက်စာတမ်းများ ဖတ်ကြားပြီးအခမ်းအနားကို ၁၁ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးမြောက်ခဲ့ပါသည်။

credit >>> zaw lwn