လေယာဉ် မတော်တဆ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရှိခဲ့သော ကလေးငယ် နေအိမ်သို့ ပါတီဒုတိယ ဥက္ကဌ ဦးမြတ်ဟိန်းမှ သွားရောက် အားပေး

 

မင်းဘူး၊ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး ၊မင်းဘူး(စကု) မြို့ တောက်ဘက်ခြမ်းတွင် ယမန်နေ့ကဖြစ်ပေါ်ခဲ့သည့် ရာဥတုရုတ်တရက် ဆိုးရွားမှုကြောင့် စစ်ဘက်သုံးလေယာဉ် နှစ်စင်း ပျက်ကျရသည့် ဖြစ်စဉ်အတွင်း လေယာဉ်အပိုင်းအဆ ထိမှန်၍ အသက်သေဆုံးခဲ့ရသော မသွယ်ဇင်ငြိမ်းနှင့် ခြေထောက် ဒဏ်ရာရှိသွားသော မောင်ဟိန်းထက်အောင် တို့ နေအိမ်များသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးမြတ်ဟိန်းနှင့် အဖွဲ့တို့ သွားရောက် နှစ်သိမ့်အားပေးခဲ့ကြပါသည်။

ကလေးငယ်များသည် မင်းဘူးမြို့၊ အမှတ်(၁) အောင်မြေရပ်တွင် နေထိုင်ကြသူများ ဖြစ်ပြီး ၎င်းတို့၏ နေအိမ်များအထိ သွားရောက်၍ အားပေးစကားပြောကြားခဲ့ပါသည်။ အသက်သေဆုံးခဲ့ရသည့် ကလေးငယ်အတွက် ကောင်းမှုကုသိုလ်ပြုနိုင်ရန် (၅)သိန်းနှင့် ။ ခြေထောက်ထိခိုက်ခဲ့ရသော ကလေးငယ်အတွက် ဆေးကုသရန် (၁)သိန်း ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ခရိုင်၊ မြို့နယ်တို့မှ ကော်မတီဝင်များလည်း လိုက်ပါ အားပေးနှစ်သိမ့်ခဲ့ကြသည်။

USDP, Magway Region