ပွဲမရှိ MMA ကစားသမား ခါဘီရဲ့ စိန်ခေါ်မှုကို မေဝယ်သာ လက်ခံ

လက်ဝှေ့လောကကနေ အနားယူခဲ့တဲ့ မေဝယ်သာဟာ ရှုံးပွဲမရှိ MMA ကစားသမား ခါဘီနာမာဂိုမီဒေါ့ဗ်ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ဖွယ် ရှိတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

ခါဘီဟာ မေဝယ်သာရဲ့ ပွဲစီစဉ်ရေးအဖွဲ့ စီအီးအို အယ်လာဘီနဲ့အတူ တွဲရိုက်ထားတဲ့ ရုပ်သံမှတ်တမ်းမှာ ” ကြိတ်လိုက်ကြတာပေါ့ ဖလွိုက်(မေဝယ်သာ)ရေ။ ငါတို့ အခုရင်ဆိုင်ရတော့မယ်။ ၅၁ ပွဲလုံး အနိုင်ရခဲ့သူနဲ့ ၂၇ ပွဲလုံး နိုင်တဲ့သူ တွေ့ပြီပေါ့။ လုံးဝမရှုံးသေးတဲ့ ကစားသမား ၂ ယောက် တွေ့ကြပြီပေါ့။ ဘာလို့လဲဆိုတော့ တောဘုရင်ဆိုတာ တစ်ကောင်ပဲ ရှိပါတယ်။ ပြီးတော့ ကျွန်တော်က တောဘုရင်ပါ။ ဘာလို့လဲဆိုတော့ သူက မက်ဂရီဂေါ်ကို လဲကျသွားအောင် မထိုးနိုင်ခဲ့ဘူး။ ကျွန်တော်ကတော့ သူ့ကို အလွယ်တကူ လဲကျအောင် လုပ်နိုင်ခဲ့တယ်”လို့ ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မေဝယ်သာက ” လက်စ်ဗီးဂတ်ကို တစ်ကျော့ပြန် ကြီးကျယ်ခမ်းနားအောင် လုပ်ကြတာပေါ့”လို့ တုံ့ပြန်ခဲ့ပြီး ရုပ်သံလိုင်းကြီးတွေကို ချက်စာအုပ် ထုတ်ထားကြဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ခါဘီဟာ မက်ဂရီဂေါ်နဲ့ပွဲအပြီး ပြိုင်ဘက်ကစားသမားရဲ့ အကူလူတွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့လို့ ကာလကြာရှည် ပွဲပယ်ခံရဖွယ် ရှိပါတယ်။ အဲဒီအတွက် မေဝယ်သာနဲ့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်မယ့်အစီအစဉ်က အချိန်ကြာမယ့်သဘော ရှိနေပါတယ်။

-Ref:Skysports